တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကျောက်မီးသွေးတွင်းပေါက်ကွဲ  ၁၄ ဦးသေ၊ နှစ်ဦးပိတ်မိ

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း၊ ကွီကျိုးပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ဂက်စ်ပေါက်ကွဲမှုဖြစ်ပွားရာ ကျောက်မီးသွေးတူးဖော်သည့် လုပ်သား ၁၄ ဦးသေဆုံးပြီး၊ နှစ်ဦးမှာ  မြေအောက်တွင် ပိတ်မိနေကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။

 

အဆိုပါ မတော်တဆမှုသည် ယနေ့ နံနက် ၁ နာရီ ၃၀မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

mdn

 

ကျောက်မီးသွေးတွင်းတွင် လုပ်ကိုင်နေသည့် ကျောက်မီးသွေး လုပ်သား ၂၃ ဦးသည် မြေအောက်တွင် အလုပ်လုပ်နေကြခြင်းဖြစ်ပြီး ခုနှစ်ဦးကို ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ၁၄ဦးမှာ သေဆုံးခဲ့ပြီး နှစ်ဦးမှာ ပိတ်မိနေဆဲဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်