တရုတ်နိုင်ငံ နွေဦးပွဲတော်ကာလအတွင်း ခရီးသွားလာသည့်ခရီးသည် ၈ ဒသမ ၄ ဘီလီယံရှိမည်ဟု မျှော်မှန်း

မတ်

နွေဦးပွဲတော်ခရီးသွားကာလကုန်ဆုံးသဖြင့် ထိုကာလအတွင်း တရုတ်နိုင်ငံတွင် ခရီးသွားလာမှု ပြုသည့်ခရီးသည် ဒသမ ဘီလီယံကျော်ရှိမည်ဟု မျှော်မှန်းထားကြောင်း ယမန်နေ့က သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အချက်အလက် ဖော်ပြထားသည်။ မိသားစုဝင်များနှင့်ပြန်လည်တွေ့ဆုံရန် နေအိမ်သို့ပြန်လာသူများသည် ဇန်နဝါရီ ၂၆ ရက်ကစတင်ပြီး မတ် ရက်တွင်ကုန်ဆုံးသော နွေဦးပွဲတော်ကာလအတွင်း မြင့်မားသည်ဟု ဖော်ပြထားသည်။ မတ် ရက်ကုန်ဆုံးသည်အထိ အဆိုပါခရီးသွားလာမှုသည် ကားလမ်းဖြင့် ဒသမ ၈၃ ဘီလီယံ၊ ရထားဖြင့်  သန်း ၄၈၀၊ လေယာဉ်ဖြင့် ၈၃ သန်းနှင့် ရေလမ်းဖြင့် ၂၉ သန်းရှိကြောင့် ခန့်မှန်းတွက်ချက်ဖော်ပြထားသည်။ နိုင်ငံတစ်ဝန်းသယ်ယူပို့ဆောင်ရေးစနစ်သည် ၎င်း၏သယ်ယူပို့ဆောင်ရေးစွမ်းရည်များနှင့် ဘေးကင်းလုံခြုံရေးလုပ်ထုံးလုပ်နည်းများ၊ ရာသီဥတုဆိုးရွားမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိပြီး အများပြည်သူ ဘေးကင်းလုံခြုံမှုရှိပြီး အဆင်ပြေစွာ သွားလာနိုင်စေရန်အတွက် နိုင်ငံတစ်ဝန်းပို့ဆောင်ပေးလျက်ရှိသည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို