တရုတ်ဘတ်စ်ကား အစီးရေ ၂၀ဝ၀ ဗင်နီဇွဲလားသို့ပေးပို့

၃ ဇူလိုင်

ဗင်နီဇွဲလားနိုင်ငံတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လာစေရန် တရုတ်နိုင်ငံမှ ဘတ်စ်ကားအစီးရေ နှစ်ထောင် ပေးပို့သဖြင့် အသုံးပြုနိုင်တော့မည်ဟု ဗင်နီဇွဲလားသမ္မတ နီကိုလပ် မာဒူရို က ဆိုသည်။

မာဒူရို နှင့် အတိုက်အခံခေါင်းဆောင် ဂျူအန် ဂူအီဒို တို့နှစ်ဦး အကြား အဆင်မပြေဖြစ်နေချိန် တောင်အမေရိကတိုက်သည်လည်း စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်လျက်ရှိသည်။

လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်းကြောင့် ရထားပြေးဆွဲမှုများ ရပ်တန့်ခဲ့ပြီး ဓာတ်ဆီ ပြတ်လပ်မှုကြောင့် ကားများအသုံးပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

 

mdn

 

အမေရိကန်နိုင်ငံက မာဒူရို ၏ သားဖြစ်သူ ကို ပိတ်ဆို့အရေးယူမှုစာရင်းထဲတွင် ထည့်သွင်းထားသော်လည်း တရုတ် နှင့် ရုရှား တို့က မာဒူရို ကို ထောက်ခံအားပေးကြသည်။

ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုကို ပြသရန် တရုတ်ဘတ်စ်ကား အစီးရေ ၂၀ဝ၀ ကို ရရှိခဲ့သည်ဟု မာဒူရိုက ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံရေးမငြိမ်သက်မှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံသား လေးသန်းသည် ယင်းနိုင်ငံမှ ထွက်ပြေးခဲ့ကြသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ဆိုသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn