တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းစေရန်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး သင်တန်း အမှတ်စဉ် (၄)  ဖွင့်ပွဲကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၈

 

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရေးသင်တန်းအမှတ်စဉ် () ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မြင့်နိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာလင်းအောင်၊  ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးဇော်မြင့်နိုင် က အမှာစကားပြောကြားသည်။

 

ဗဟိုဘဏ်အနေဖြင့် သင်တန်းအမှတ်စဉ် (၃)အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ တက်ရောက်သူ (၁၆၄)ဦးအနက်  (၁၀၈)ဦးဖြေဆိုအောင်မြင်ပြီး သင်တန်းဆင်းလက်မှတ်များရရှိခဲ့ပြီး ဖြစ်သည်။

 

အဆိုပါသင်တန်းအား ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူများနှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စီးပွားရေးနှင့် ငွေရေးကြေးရေး လွှဲပြောင်းပေးချေခြင်းဆိုင်ရာ ကိစ္စရပ်များတွင် AML/CFT  ဆိုင်ရာဆုံးရှုံးနိုင်ခြေ အန္တရာယ်ကို သိရှိရှောင်ရှားကြစေရန်နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေရန်အတွက်လည်းကောင်း၊ ပြည်ပငွေလွှဲလုပ်ငန်းကို ဆောင်ရွက်လိုသည့် ကုမ္ပဏီများနေဖြင့်  ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်ပငွေလွှဲ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်းအပိုဒ်၄ (င)အရ လိုင်စင်လျှောက်ထားရာတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ   ပြဋ္ဌာန်း ချက်များအား လိုက်နာဆောင်ရွက်ရေး သင်တန်းတက်ရောက် ပြီးစီးကြောင်းအထောက် အထားလက်မှတ်တင်ပြရမည်ဖြစ်သဖြင့် သင်တန်းဖွင့်လှစ်ပေးပြီးနောက် သင်တန်းတက် ရောက် အောင်မြင်သူများကို Certificate ချီးမြှင့်ပေးနိုင်ရန်အတွက်လည်းကောင်း၊ ပြည်ပ ငွေလွှဲလုပ်ငန်း လိုင်စင်ရပြီးသည်နှင့်တစ်ပြိုင်နက် လိုင်စင်ရကုမ္ပဏီများအနေဖြင့် ပြည်ပ ငွေလွှဲလုပ်ငန်းလုပ်ကိုင်ရာတွင် မဖြစ်မနေသိရှိရမည့် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့် ပြုခြင်းဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်စေရန်အတွက် လည်းကောင်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)