တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်တွင် ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် ပူးပေါင်းအဖွဲ့များမှ စစ်တွေမြို့နယ်တွင် သစ်မျိုးစုံ (၃ ဒသမ ၄၉၄၆) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၉,၁၃၆)၊ ဇန်နဝါရီ ၁၉ ရက်၌ တောင်ကုတ်မြို့နယ်တွင် တောင်သရက်ခွဲသား (၃ ဒသမ ၄၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၇,၄၀၀)၊ စုစုပေါင်း သစ်မျိုးစုံ (၆ ဒသမ ၉၆၈၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၆,၅၃၆)ကို ဖမ်းဆီးရမိခဲ့သဖြင့် မြို့နယ်သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇန်နဝါရီ ၂၂ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ U.S.A နိုင်ငံ မှ တင်သွင်းသော သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိ လာသည့် Food Supplement Dietary Supplement Item item(၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၉၄၀,၀၀၀)နှင့်  သွင်းကုန်ကြေငြာလွှာ ID တွင် ကြေညာထားခြင်းမရှိသော Food Supplement Dietary Supplement Item(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၀၈၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် TOFFEE Candy ဖာ (၁၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ ရှောင်တခင်လှည့်လည်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဘားအံမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ အာရှလမ်းမပေါ်တွင် ဖိနပ်မျိုးစုံ(၇၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၆၅,၆၀၀)နှင့် အဆိုပါ ဖိနပ်များ သယ်ဆောင်လာသော (Mitsubishi Canter) (၁၆)ဘီးယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၆၅,၆၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တော ကြိုးဝိုင်းများအတွင်း  တရားမဝင် ကျွန်းသစ်(၆ ဒသမ ၂၈၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၃၈,၅၆၀) နှင့် အခြားသစ်မျိုးစုံ (၂ ဒသမ ၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆,၁၀၀)၊ စုစုပေါင်း သစ်မျိုးစုံ (၈ ဒသမ ၇၄၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၂၄,၆၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ (၁၆)မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံထုတ် Chunliang Yuanjing အမှတ်တံဆိပ် အရက် (၄၈)ပုလင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၀,၀၀၀)နှင့် TAILI အမှတ်တံဆိပ်ပါမီးသီး(36W) အလုံး(၄၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တမူးမြို့ နယ်နှင့် ဟုမ္မလင်းမြို့နယ်များတွင် ကညင်သစ်(၁၄ ဒသမ ၄၂၈)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၁,၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၁၈ ရက်၊ ၁၉ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁)မှု၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉,၉၁၈,၁၉၆) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။ 

သတင်းစဉ်