တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက် ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မေ ၂၃ ရက်တွင် အေးရှားဝေါလ်ကု န်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်လိုင်စင်မရရှိမီ ဆိပ်ကမ်းသို့ ရောက်ရှိသည့် ရက် (၆၁) ရက် ကျော်လွန်နေသည့် Construction Materials ကီလိုဂရမ်(၂၅၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၇၃၇,၅၀၀)ကိုလည်းကောင်း၊ မေ ၂၅ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း၌ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Goody Margarine ကီလိုဂရမ်(၄၂၉၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၉၆၃,၈၅၀)ကိုလည်းကောင်း၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များ အတွင်းမှ သွင်းကုန်လိုင်စင်မရရှိမီ လေဆိပ်သို့ရောက်ရှိသည့်ရက်(၆၁)ရက် ကျော်လွန်နေသည့် LJM Planetary Gear (၁၁.၆)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၇၀,၂၃၂)ကို လည်းကောင်း၊ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် HI-FORCE Hydraulics Pump (၁)ခု အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၂၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇,၁၇၁,၅၈၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေး ရေးဂိတ်၌ ဗန်းမော်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးအား စစ်ဆေးရာ သံတိုသံစများ အောက်တွင် ဖုံးအုပ်သယ်ဆောင်လာသည့် အကောက်ခွန်မဲ့ စက်ပစ္စည်းများ တွေ့ရှိရသဖြင့် မန္တလေး မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် OKKV Invertor Small Power Station (ခန့်မှန်းတန် ဖိုးငွေကျပ် ၇,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် SSANYONG မော်တော် ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပြည်ခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်သစ် သစ်မာ(၇ ဒမသမ ၉၀၃) တန်နှင့် အခြားသစ်(၁ ဒသမ ၅၂၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၆၈,၆၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၂၃ ရက်၊ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃,၃၄၀,၂၅၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်