တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင်၊ လယ်ဝေး ခရိုင်နှင့် ဥတ္တရခရိုင်များအတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၇၂၈)တန်၊ အခြားသစ် (၃၈ ဒသမ ၀၃၃)တန် စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၈၅,၉၁၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့ပြင် မတ် ၄ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတုန်းမြို့နယ်၊ ကူဖြူကျေးရွာနှင့် ပြောင်းပြာကျေးရွာအနီး၌ တရားမဝင် စက်သုံးဆီ ဓါတ်ဆီ (၅၂)ဂါလန်၊ ပရီမီယမ် ဒီဇယ်ဆီ (၃၂)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၇၆,၁၆၀)နှင့် အဆိုပါစက်သုံးဆီများ သယ်ဆောင် လာသော လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်သည့် Smash Johnson 110 (၁)စီး၊ Dayang 125 (၁)စီး၊ Luojia 110 (၁)စီး၊ Canda 125 (၁)စီး၊ Kenbo 110 (၁)စီးနှင့် Shayan 125 (၁)စီး၊ စုစုပေါင်း မော်တော်ဆိုင်ကယ်(၆)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)တို့ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ မင်းတုန်းမြို့နယ်၊ ပန်းပင်ကုန်းကျေးရွာအနီး၌ လိုင်စင်မဲ့ Lifan Faw မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၈၀၈)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၇,၂၂၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၈၂၃,၃၈၂)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Pangolin Safety Helmet ဦးထုပ် (၁၄၄)လုံး အပါအဝင် ကုန်ပစ္စည်း(၁၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၆၄၈,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Kyo Kyar Bus (၁)စီးနှင့် Mitsubishi Fuso Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈,၆၄၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ် ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်း ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌ တရားမဝင် ခဲသတ္တု (၁၆၃)ကီလိုဂရမ်၊ ချန်ချိုင်းအမျိုးအစား ၂ လုံးထိုးအင်ဂျင် (၁၂)လုံး အပါအဝင် ဆက်စပ်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၄၅၀,၀၀၀) ကို သတ္တုတွင်းဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာ၊ စမုံဂလက် ရေပြင်၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင် အခြားသစ် (၇ ဒသမ ၁၇၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၇၆,၆၄၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် သစ်သားကိုယ်ထည်စက်လှေ(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၁၅၀,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်သည့် Honda Wave-100 (၁)စီး၊ Honda Scoopy (၁)စီးနှင့် TACT Honda (၁)စီး စုစုပေါင်း မော်တော်ဆိုင်ကယ်(၆)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၀၀,၀၀၀)တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၄၇၆,၆၄၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်နှစ်ကောင်စားအုန်းဆီ (၅)လီတာပါ (၂၀၀)ဘူး၊ (၂)လီတာပါ ဘူး (၃၀၀) ၊ (၁)လီတာပါ ဘူး (၁၂၀၀) အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၉၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ် ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့်ကွဲလွဲစွာ ပါရှိလာသည့် Xingfa Aluminium Profiles ကီလိုဂရမ် (၁၇၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၈၂၀,၀၀၀)နှင့် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် Fuyin Winding Machine (၁)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၀၈,၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ယာဉ်အပိုပစ္စည်း L.K.B NH3 Oil Filters ခု (၅၀၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၅၈၆,၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ ဘူး (၄၈၆၀) အပါအဝင်ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၀၁၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၅ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မိုးညှင်းမြို့နယ်၊ 
နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ကျောက်စိမ်း ကီလိုဂရမ် (၉၀၉ ဒသမ ၅၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉,၇၃၈,၂၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ် ၁ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၈,၂၈၆,၂၁၁ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်