တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ လေးမျက်နှာအနောက်ဘက်ခြမ်းဒေသ စောပြာကျေးရွာတွင် ဆေးကုသမှုဆောင်ရွက်

လေးမျက်နှာ ၁၆ မေ


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သဲနုကုန်းကျေးရွာအုပ်စု စောပြာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှတ်(၄) စစ်မြေပြင် ဆေးတပ်ရင်းမှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ သမားတော်ပါရဂူများ ကုသရေး ဆရာဝန်များပါဝင်သော အဖွဲ့များသည် ယမန်နေ့ နံနက် ၁၀ နာရီက ဒေသခံကျေးလက်နေ ပြည်သူများအား အခမဲ့ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

1


တပ်မတော်နယ်လှည့် ဆေးကုသရေးအခြေပြုအဖွဲ့တွင် အထွေထွေရောဂါကုသမားတော် ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးအထူးကုပါရဂူ၊ အရိုးအကြောပါရဂူ၊ ပြန်လည်သန်စွမ်းရေးပါရဂူ၊  မျက်စိပါရဂူ၊ နား၊ နှာခေါင်း၊ လည်ချောင်းပါရဂူ၊ သွားဖက်ဆိုင်ရာပါရဂူ၊ ဓာတ်မှန်ပါရဂူ၊  ရောဂါဗေဒ(ဓာတ်ခွဲ)ပါရဂူ မေ့ဆေးပါရဂူများ ပါဝင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အဆိုပါကျေးရွာအုပ်စုရှိ ရောဂါဝေဒနာရှင်ပေါင်း ၄၀ဝ အား အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ကျန်းမာရေးစောင့်ရှောက် ဆေးကုသရေးသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ ခရိုင်အုပ်ချုပ်ရေးမှုး ခရိုင်ရဲတပ်ဖွဲ့မှုး လေးမျက်နှာမြို့နယ် အုပ်ချုပ်ရေးမှုး မြို့နယ်ရဲတပ်ဖွဲ့မှုးတို့နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှ ဆေးကုသခံရောဂါဝေဒနာရှင်များအား  အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ရွှေမိုး(ပြန်ဆက်)

 

1