တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၉) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုပွဲတက်ရောက်

နေပြည်တော် အောက်တိုဘာ ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည့် ၉ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများနှင့် တံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သော နည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်သို့ ငွေပဒေသာ ပင်စိုက်ထူလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။
 
ဦးစွာ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တက်ရောက်လာသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် တံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သော နည်းပြများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

MDN