တပ်ကုန်း နိုဝင်ဘာ ၂၀
နေပြည်တော်၊ တပ်ကုန်းမြိုနယ်ရှိ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက Nature Link Company(Trusty) နှင့် ပူးပေါင်း၍ မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို လက်လှမ်းမီနိုင်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျှော့ချနိုင်စေရန် ရည်ရွယ်၍ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ပထမအကြိမ် ထုတ်ချေးခြင်းကို နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဦးစွာ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ရွှေက မကျီးပင်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင် အသင်းသူ အသင်းသားများ၊ ကျေးရွာစီမံကိန်း လုပ်ငန်းကော်မတီအဖွဲဝင်များနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို Mobile Financial Payment စနစ် အကောင်အထည်ဖော် ဆောက်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး Nature Link Company (Trusty)မှ တာဝန်ရှိသူများက Mobile Financial Payment အကောင့်ဖွင့်ပေးခြင်းနှင့် ငွေပေးချေနိူင်မည့်နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ထိုနောက် မြိုနယ်ဦးစီးမှူးနှင့် ကျေးရွာမြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အဖွဲဝင်များက Mobile Financial Payment စနစ်ဖြင့် မကျီးပင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၉ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူနှစ်ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦး စုစုပေါင်း အသင်းသူ အသင်းသား ၆၇ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ် ၂၉၇ သိန်းကို အသင်းသားများတစ်ဦးချင်း လက်ဝယ်အရောက် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်