တန့်ယန်းမြို့နယ်တွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော် ၃   ဖေဖော်ဝါရီ 

 

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ် အချိန်ထိ တန့်ယန်းမြို့နယ်၊ ပါစန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင် ခန့်အကွာ၌ အမြင့် ၁.၅ ပေခန့်ရှိ ဘိန်းစိုက်ခင်း ၄ ဧကခန့်အား တန့်ယန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။    

    
MDN