တန့်ယန်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

တန့်ယန်း   ဇန်နဝါရီ   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၄ ရက်က မြို့နယ် အားကစားကွင်းကြီး၌ ကျင်းပခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲစဉ်တွင် (၁၀)ရပ်ကွက် ဘောလုံးအသင်းနှင့် သမာဓိ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၁၀)ရပ်ကွက် ဘောလုံးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ဘောလုံးပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးခွန်အောင်သွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက တစ်ဦးခြင်း အကောင်းဆုံးဆုများဖြစ်သော ရှေ့တန်းဆု၊ အလယ်တန်းဆု၊ နောက်တန်းဆု၊ ဂိုးသမားဆု၊ ဂိုးအများဆုံး ဆုများနှင့် ပထမ၊ ဒုတိယ၊ တတိယရရှိသော ဘောလုံးအသင်းများအား ဒိုင်းဆု၊ ငွေသားဆုနှင့် တစ်ဦးခြင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)