တန့်ယန်းမြို့နယ်မှ သံလွင်အရှေခြမ်း မန်ကန်မြို့နယ်သို့သွားရောက်မည့် ဆရာဆရာမများအား သွားလာရေး အစဉ်ပြေစေရန် စီစဉ်ဆောင်ရွက်

တန့်ယန်း  မေ  ၂၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်မှ မကြာမီ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်တော့မည်ဖြစ်ရာ သံလွင်အရှေခြမ်း မန်ကန်မြို့နယ်သို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဌာန ကျောင်းဆရာဆရာမများ သွားလာရေးအစဉ်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မေလ ၂၄ ရက် နံနက်ပိုင်းက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ သံလွင်အရှေခြမ်း မန်ကန်မြို့နယ်တွင် တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဌာန၏ ဆရာ ဆရာမများဖြစ်သည့် အထက(မန်ကန်)မှ ဆရာဆရာမ ၇ ဦး၊ အမက(မန်ကန်)မှ ဆရာဆရာမ ၂ ဦး၊ အလက(ခွဲ) (ငှက်ကာ)မှ ဆရာဆရာမ ၄ ဦး၊ အလက(ခွဲ)(ပန်ဖိန်း)မှ ဆရာဆရာမ ၁၁ ဦး၊ အမက(ပန်ကျုံ)မှ ဆရာဆရာမ ၂ ဦး စုစုပေါင်း ဆရာဆရာမ ၂၆ ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူ များက မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

 

မင်းလွင်ဦး(ပြန်/ဆက်)