တွံတေး ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူများ ယနေ့နံနက် ၉ နာရီမှစတင်၍ နေ့လယ် ၁၂ နာရီထိ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန (၂)ခု၌ မြို့နယ်အတွင်းမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုကြရာတွင် လျှောက်လွှာတင်သွင်းသူ ကျောင်းသား (၃၉၆)ဦး၊ ကျောင်းသူ (၅၅၄)ဦး စုစုပေါင်း (၉၅၀)ဦးရှိရာ ယနေ့ဖြေဆိုသူ ကျောင်းသား(၂၉၁)ဦး၊ ကျောင်းသူ (၄၅၇)ဦး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုမှုရာခိုင်နှုန်း ၈၄ ဒသမ ၀၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်၊၊
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးဇာနည်မောင်နှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးသား


