တံတားဦးမြို့နယ်တွင် ကလေးငယ်မျးအား ဗီတာမင်အေဆေးနှင့် သန်ချဆေးများတိုက်ကျွေး

တံတားဦး ဩဂုတ် ၁၂

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အသက်(၆)လမှ(၅)နှစ်အထိ ကလေးငယ်များအား  ပေါင်ချိန်ခြင်း ၊ ဗီတာမင်ဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခြင်းတို့ကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးမာရေးဌာန အတွင်း၌ တိုက်ကျွေးကြောင်းသိရသည်။

ကလေးငယ်များအား ပေါင်ချိန်ခြင်းနှင့် ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်း ၊ အသက်(၂)နှစ်အထက် ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဗီတာမင်အေ ဆေးတိုက်ကျွေးခြင်းနှင့် သန်ချဆေးများ တိုက်ကျွေးပေးကြောင်း ၊ ဗီတာမင်အေဆေးသည် မျက်စိအားကောင်းခြင်း ၊ ဗီတာမင်အေလျော့နည်းခြင်းမှ ကာကွယ်နိုင်ရန် တိုက်ကျွေးခြင်း၊ သန်ချဆေးသည်  သန်ကောင် ၊ တုပ်ကောင်များကျစေရေး တိုက်ကျွေးပေးခြင်းဖြစ်ကြောင်း ၊ သန်ချဆေးသည် ကလေးငယ်များအတွက် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးခြင်း ၊ သွေးအားနည်းရောဂါကာကွယ်ပေးခြင်းဖြစ်ကြောင်း ၊ သန်ချဆေးကို တစ်နှစ်လျှင်နှစ်ကြိမ်တိုက်ကျွေးပေးကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်များလည်း တိုက်ကျွေးပေးကြောင်း မြို့နယ်အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နွယ်ဦးထံမှသိရသည်။

တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်(၃)ရပ်ကွက်မှ ကလေးငယ်(၃၁၅)အားတိုက်ကျွေးပေးကြောင်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ဝန်ထမ်းများကလည်း တိုက်ကျွေး ပေးကြသည့်အပြင် အခြေခံပညာကျောင်းများတွင်လည်း ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။ 

မြို့နယ်ပြန်/ဆက်