ထားဝယ် ဇွန် ၂၀
၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့ လေယာဉ်ကွင်း တိုးချဲ့မြေနေရာအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့က ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တက်ရောက်လာသူများအား စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များ ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကံ့ကော်ပင်အား စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများ၏ ပျိုးပင်အမျိုးအစား ကိုးမျိုး၊ ပျိုးပင် ၆၆၄ ပင် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ထားဝယ်ခရိုင် မြို့နယ်များအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများရှိ အကျိုးဆောင်တောင်သူများအား ဆင်းသုခမျိုးစပါး၊ လက်ဆွဲမျိုးစေ့ချကိရိယာများပေးအပ်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)


