တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့အတွင်း သစ်တန် ၂၀ ကျော်  ဖမ်းဆီးရမိ

နေပြည်တော် ၂၄  ဇွန် 

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၂၀ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ရေးကားလမ်း၊ ဇဟာကျေးရွာအနီးထော်လာဂျီ(၂)စီးပေါ်မှ တရားမဝင် ကန်းစို/ဖွတ်မတတ်ခွဲသား ၃ ဒသမ ၆၆၈၀ တန်အား ပြစ်မှုကျူးလွန်သူ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ 

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်း အရှေ့ဘက်၊ ကုန်းတန်းကြီးကျေးရွာ အနောက်ဘက်အနီးတွင် တရားမဝင် ကျွန်းသစ်/ခွဲသား (ဟောင်း) (၄ ဒသမ ၃၁၃၆)တန်အား ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ နောင်နန်း ကျေးရွာအုပ်စု၊ လမြန်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် တရားမဝင်မအူ/ တောဇီး/ တောမယ်ဇလီ/လောက်ယားသစ် (၁၂ ဒသမ ၃၈၂၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောသူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

မောင်လူမော်

 

Image 2.j