တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲကျင်းပ

ကော့သောင်း ၂၈ ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား (၃)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂၈ ရက် ညပိုင်းက ကော့သောင်းမြို့  အေးရိပ်ငြိမ် ရပ်ကွက် ကြက်တောင်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသားပြိုင်ပွဲဗိုလ်လုပွဲတွင် မြိတ်ခရိုင်အသင်းနှင့် ကော့သောင်းခရိုင်အသင်းတို့ယှဉ်ပြိုင်ကစားကြပြီး မြိတ်ခရိုင်အသင်းမှ အနိုင်ရဗိုလ်ဆွဲခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် မြိတ်ခရိုင်အသင်းနှင့် ထားဝယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြိတ်ခရိုင်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

 

123

 

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ ကြက်တောင်ရိုက်ပြိုင်ပွဲဆုရရှိသူများအား ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦး၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးစိုးမိုးနိုင်နှင့် တာဝန်ရှိသူများမှ လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

123

 

အဆိုပါပြိုင်ပွဲကို တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်များဖြစ်သည့် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်တို့မှ ကြက်တောင်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

ကျော်စိုး (ကော့သောင်း)