တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက်သ ပြန်လည်ကျဆင်း

တနင်္သာရီ      ဩဂုတ်       ၁၃

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ တနင်္သာရီမြစ်ရေသည် သြဂုတ် ၁၃ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၇ ပေအောက် ပြန်လည် ကျဆင်းလျက်ရှိပြီး နံနက် ၉ နာရီတွင် ၁၄ ပေ အောက်သို့ ဆက်လက်ကျဆင်းနေကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြစ်ရေသည် ဩဂုတ် ၁၁ ရက်က တနင်္သာရီမြို့၏ စိုးရိမ်ရေ အမှတ် ၁၇ ပေသို့ ရောက်ရှိခဲ့ပြီး ချောင်းကြီးရပ်ကွက်၊ တိုးချဲ့ (၂) လမ်း၊ ရွှေလိပ်ပြာလမ်း၊ ချောင်းငယ်ရပ်ကွက် ရိပ်သာကျောင်းလမ်း (ကူးတို့ဆိပ်လမ်း)နှင့် သီတာလမ်းဆုံတို့သို့ ရေဝင်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းမရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)