တနိုင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) ဖွဲ့စည်း

တနိုင်း ၁၆  ဇွန် 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်လျက် စာဖတ်ဝိုင်းများ စာပေနှီးနှောဖလှယ်ပွဲများ စာအုပ်စာစောင် ဝေဖန်သုံးသပ်ပွဲများ ဆောင်ရွက်နိုင်ရေးအတွက် စာဖတ်ဝါသနာပါသူများ အချင်းချင်းစုစည်း၍ စာအုပ်စာစောင် ချစ်မြတ်နိုး သူအသင်း (Book Club) ဖွဲ့စည်းခြင်းကို  ဇွန်(၁၆)ရက်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

33104

 

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦး က စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသမီးရေးရာအဖွဲ့ဝင်ဒေါ်ခင်မေဦးနှင့် ဒေါ်ဂျာဆိုင်းတို့က လူငယ်လူရွယ်များအနေဖြင့် စာအုပ်စာပေ များများဖတ်ရှုဖို့လိုကြောင်း လူငယ်များအသင်းတွင် ပိုမိုပါဝင်မှု အားကောင်းလာစေရန် ဝိုင်းဝန်းစည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း အသင်းဝင်များက တက်ကြွစွာ ပူးပေါင်းပါဝင်ကြစေရန်နှင့် အသင်းရည်ရွယ်ချက်များ ရေရှည်အကောင်အထည်ဖော်နိုင်ရန်  ညီညွတ်မှုရှိစေရန်  လိုအပ်မည်ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးကြပြီး အဆိုပါ အသင်းတွင် အသင်းဝင် စုစုပေါင်း (၂၃)ဦးဖြင့် ဖွဲ့စည်းခဲ့ကြကြောင်း မြို့နယ်( ပြန်/ဆက်) မှ သိရသည်။

MDN