တန့်ဆည်မြို့နယ်တွင်  နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

တန့်ဆည်   ၉  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ဝက်တိုးကျေးရွာတွင် ဇွန် ၈ ရက် ညနေပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  ဝက်တိုးကျေးရွာနေ  ဦးမောင်မြင့်၏ သက်ကယ်မိုး နေအိမ်ရှေ့တွင် သမီးဖြစ်သူ မခင်မျိုးအေးမှ အိမ်မိုးသက်ကယ်ပုံအား မီးရှို့ရာမှ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ရွာရှည်မြောက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ မိနစ် ၅၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး မခင်မျိုးအေးအား အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 


မိုးသောက် (ရွှေဘို)