နေပြည်တော် ၁ မတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ စိန့်ကျေးကူးကျေးရွာတွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က မိန်းကလေးငယ်(၂)ဦး နှာခေါင်း/ပါးစပ်အတွင်းမှ အမြှုပ်များထွက်ကာ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကံထူးမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာနေ မအေးဌေးခိုင် (၁၃)နှစ်နှင့် မသီတာအောင် (၁၂)နှစ်တို့ (၂)ဦးသည် ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီခန့်က နေအိမ်၌ ကဒတ်ချဉ်၊ ကြက်သားဘူးသီးဟင်း တို့ဖြင့် ထမင်းစားခဲ့ပြီး အချိုရည်၊ ပဲကြီးလှော်တို့အား စားသောက်၍ အိပ်ခန်းအတွင်း အိပ်ရာဝင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီခန့်တွင် အဒေါ်ဖြစ်သူ ဒေါ်လှမိုးလွင် (ခ) ဒေါ်သဲမြိုင်က တူမဖြစ်သူ(၂)ဦးမှာ အိပ်ရာမှ မနိုးသဖြင့် သွားရောက်ကြည့်ရှုစဉ် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ နှာခေါင်း/ပါးစပ်အတွင်းမှ အမြှုပ်များထွက်ကာ အစာအဆိပ်သင့်၍ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသဖြင့် ကံထူးမနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၁/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

MDN