တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုပြုလုပ်သူများနှင့် စည်ကား

ရန်ကုန်  နိုဝင်ဘာ  ၇

ယနေ့တန်‌ဆောင်မုန်းလပြည့်‌နေ့တွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ကုသိုလ်ကောင်းမှုပြုလုပ်လျက်ရှိကြကြောင်း သိရသည်။

ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားရာ တန်‌ဆောင်မုန်းလပြည့်‌နေ့ ယ‌နေ့နံနက်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်း အတွင်းရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ပြည်သူများက လာရောက်ဖူးမြော်ကြပြီး  ကုသိုလ်ကောင်းမှုပြုသူများနှင့် အထူးစည်ကားလျက်ရှိ ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)