တက္ကသိုလ်ဝင် စာမေးပွဲ ဘာသာရပ် တစ်ခု ဖြေဆိုပြီးတိုင်း ဝင်ရောက်ဖြေဆိုသူ လျော့နည်းလာ

နေပြည်တော် ၉  မတ်


ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းဦးရေမှာ စုစုပေါင်း ၈၄၄၃၅၈ ဦးရှိပြီး မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၇၈၉၈၈၃ ဦး၊ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၇၈၉၀၇၀ ဦးနှင့် သင်္ချာဘာသာ ဝင်ရောက် ဖြေဆိုသူ ၇၈၈၅၀၄ ဦးရှိသည့်အတွက် ဘာသာရပ်တစ်ခုဖြေဆိုပြီးတိုင်း ဖြေဆိုသူ လျော့နည်းလာပြီး သင်္ချာ ဘာသာဖြေဆိုသည့် ယနေ့အထိ (၅၅၈၅၄) ဦးလျော့နည်းလာကြောင်း သိရသည်။

 

နေပြည်တော်တွင် မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၂၂၃၈၉ ဦးရှိရာမှ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၂၂၃၅၇ ဦးနှင့် သင်္ချာဘာသာ ဝင်ရောက် ဖြေဆိုသူ ၂၂၃၃၆ ဦးသို့ လျော့နည်းလာသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၁၁၁၈၅၁ ဦးရှိရာမှ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁၆၇၂ ဦးနှင့် သင်္ချာဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁၅၂၃ ဦးသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၁၁၁၃၉၇ ဦးရှိရာမှ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁၂၆၀ ဦးနှင့် သင်္ချာဘာသာ ဝင်ရောက်ဖြေဆိုသူ ၁၁၁၁၈၈ ဦးသို့ လျော့နည်းလာကြောင်း သိရသည်။

 

အလားတူ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မြန်မာ၊ အင်္ဂလိပ်နှင့် သင်္ချာဘာသာရပ် ဖြေဆိုပြီးချိန်တွင် ဘာသာရပ်တစ်ခု ဖြေဆိုပြီးတိုင်း ဝင်ရောက်ဖြေဆိုသူ လျော့နည်းလာသည်။

 

ထို့ကြောင့် သင်္ချာဘာသာရပ် ဖြေဆိုပြီးချိန်တွင် ကျန်ရှိသည့် ဘာသာရပ်များ ဖြေဆိုရန် စာရင်းရှိ ဦးရေ  ၇၈၈၅၀၄ ဦး ရှိကြောင်း သိရပြီး သင်္ချာဘာသာရပ် ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၃ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်သည်။


(သတင်းစဉ်)