တိုင်းရင်းသားမီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြေတောင်မြှောက် ပေးဖို့လိုပါတယ်

နေပြည်တော် ၁၉ ဇန်နဝါရီ

တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ရာ နိရဉ္ဇရာသတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က“အဓိကကတော့ တိုင်းရင်းသားမီဒီယာနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကဏ္ဍကို ဦးစားပေးဆွေးနွေးသွား မှာပါ၊ တိုင်းရင်းသားမီဒီယာတွေရဲ့ အနာဂတ်အတွက် ရေရှည် ရပ်တည်ရေးကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊” 

“တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံတော် အစိုးရအပိုင်းကလည်း ကူညီပံ့ပိုးဖို့လိုပါတယ်၊ တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်တွေကလည်း ကူညီပေးဖို့လိုပါတယ်၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားမီဒီယာတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါပြီး ဒီမိုကရေစီကိုသွားတဲ့ နေရာမှာ တိုင်းရင်းသားမီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ မရှိလို့ မဖြစ်ပါဘူး၊ ဒါကြောင့် တိုင်းရင်းသားမီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြေတောင်မြှောက် ပေးဖို့လိုပါတယ်” ဟု ပြောကြားသည်။ 

MDN