တိုင်းရင်းသားအစုံအလင်နဲ့ မြန်မာ့ရိုးရာတွေကို အားလုံးပေါင်းစပ်ပြီးတော့ ဖျော်ဖြေတင်ဆက်ဖို့အတွက် လေ့ကျင့်ပြင်ဆင်နေကြပါတယ်

နေပြည်တော် ၄ ဖေဖော်ဝါရီ

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီးတွင် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များသည် နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံတွင်  အဆို၊ အကများနှင့် ရိုးရာဓလေ့များ ဖော်ကျူး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိကြသည်။ ယင်းတို့အနက် အနုပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက

“(၇၁)နှစ်မြောက်နေ့ ပြည်ထောင်စုနေ့မှာ ဖျော်ဖြေရေးအင်အား အမျိုးသား ၁ဝဝ၊ အမျိုးသမီး ၃ဝ၅ ဦးနဲ့ ဖျော်ဖြေ သွားမှာပါ၊ စုစုပေါင်းအင်အား ၄ဝ၅ ဦး ရှိပါတယ်၊ တိုင်းရင်းသားအစုံအလင်နဲ့ မြန်မာ့ရိုးရာတွေကို အားလုံး ပေါင်းစပ်ပြီးတော့ ဖျော်ဖြေတင်ဆက်ဖို့အတွက် လေ့ကျင့်ပြင်ဆင်နေ ကြပါတယ်၊ အနုပညာဦးစီးဌာနက မိန်းကလေး ၃၆ ဦးနဲ့အဖွင့် သီချင်းတစ်ပုဒ်ပါတယ်၊ ပြီးရင် သီချင်းကြီး သရုပ်ဖော်ထားတဲ့ လှည်းယဉ် ကြော့ကြော့ဆိုတဲ့ သရုပ်ဖော်ဇာတ်လမ်းလေး တစ်ခုလည်း ပါပါတယ်၊ နောက်ဆုံးအပိတ်က အနုပညာဦးစီး ဌာနနဲ့ တိုင်းဒေသကြီးအားလုံး စုပေါင်းကတဲ့ စုပေါင်းယိမ်းတစ်ခုလည်းပါတယ်၊ တိုင်း ဒေသကြီးတွေ ပြည်နယ် တွေနဲ့ပတ်သက်တဲ့ ရိုးရာ သီချင်းတွေနဲ့ အကတွေကို လှလှပပလေး ဖျော်ဖြေဖို့အတွက် လေ့ကျင့်နေပါတယ်၊ ပြည်ထောင်စုနေ့မှာ ပါဝင်တဲ့ အင်အားနဲ့အတူ တိုင်းရင်းသားကျေးရွာမှာ (၈) နှစ်မြောက် အထိမ်းအမှတ်နဲ့ ၁၁ ရက်နေ့မှာ သွားရောက် ဖျော်ဖြေဖို့အတွက် ပေါင်းစပ်လေ့ကျင့်နေကြပါတယ်” ဟု ပြောသည်။

MDN