တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဝင်ရောက်မှုကြောင့် မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ် ၁၂နာရီ ကြာပိတ်ထားမည်

၃ ဒီဇင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နေ့ညပိုင်း သို့မဟုတ် ယနေ့မနက်အစောပိုင်းတွင် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဝင်ရောက်နိုင်သဖြင့် မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ် (နီနွိုင် အာကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ်)ကို ယနေ့မနက် ၁၁ နာရီမှ စတင်ကာ ၁၂ နာရီကြာ ပိတ်ထားမည် ဖြစ်ကြောင်း လေဆိပ်အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးအတွက်  ထိုလေဆိပ်ကို ၁၂ နာရီကြာပိတ်မည်ဖြစ်ကြောင်းနှင့် ခရီးစဉ် ၄၃၈ ခု ထိခိုက်မည်ဖြစ်ကြောင်း မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အာဏာပိုင် အထွေထွေမန်နေဂျာ အက်မွန်ရီရယ် က ပြောကြားခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံ အဓိက လူဇုန်ကျွန်း၊ ဖိလစ်ပိုင်အလယ်ပိုင်းနှင့်တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းမြောက်ဘက် ရှိ ပြည်နယ်များနှင့် မနီလာမြို့တော်သို့ မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် တိုင်ဖွန်းမုန်တိုင်း ကြိုတင်ကာကွယ်ရေးအတွက် ရေကြီးမှုနှင့်မြေပြိုမှု ဖြစ်ပွားရာ ဘီကိုလ် ဒေသရှိ လူပေါင်း ၆၀ဝ၀ဝ ကျော် ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။

 

ယမန်နေ့ညနေ ၅ နာရီမှစတင်ကာ ဆာဆိုဂွန် ပြည်နယ် ဂျူဘန်မြို့ အရှေ့ဘက် ၁၅၅ ကီလိုမီတာသို့ ဝင်ရောက်ခဲ့သည်ဟု ဖိလစ်ပိုင် လေထု၊ ဘူမိဗေဒနှင့် နက္ခတ်ဗေဒ လုပ်ငန်းဆိုင်ရာ ဦးစီးဌာနက ပြောကြားခဲ့သည်။

 

ထိုတိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၂၀ မှ ၁၅ ကီလိုမီတာဖြင့် အနောက်ဘက်သို့ တဖြည်းဖြည်းရွေ့လျားလျက်ရှိသည်။ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၅၅ ကီလိုမီတာရှိပြီး လေပြင်းတိုက်ခတ်နှုန်းမှာ တစ်နာရီလျှင် ၁၉၀ ကီလိုမီတာ ရှိကြောင်း သိရသည်။

 

တိုင်ဖွန်းမုန်တိုင်း ကမ်မူရီသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်သည့် အကြိမ် ၂၀ မြောက် တိုင်ဖွန်းမုန်တိုင်း ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို