တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၉ မေ 

လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် မေ ၂၄ ရက်မှ ၂၇ ရက်အတွင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်း၊ မိုင်တိုင် (ဝ/၂)မိုင်၊ သော်တာဝင်းတိုးဂိတ်အနီးရှိ Mark II ယာဉ်ပေါ်မှ တရားမဝင် တမလန်းသစ် (ဝ ဒသမ ၄၇၉၀)တန်နှင့် ပြစ်မှုကျူးလွန်သူ (၂)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် လာရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၃၉/၄)အနီးတွင် မော်တော်ယာဉ်(၅)စီးနှင့် တမလန်းဓါးရွေ (၄ ဒသမ ၇၁၈၄)တန်နှင့်  ပြစ်မှုကျူးလွန်သူ (၅)ဦးတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

 

3+++

 

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မန်သက်ကျေးရွာအုပ်စု၊ ကိုးတောင်ရွာ အရှေ့တောင်ဘက် (၂)မိုင်ခွဲခန့်အကွာတွင် တရားမဝင် ကျွန်း/အင်/သစ်စေး (၁၂ ဒသမ ၆၁၅)တန်၊ အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဝါးရဲတောင်ပေါ်တန်းလျားအနီးရှိ မော်တော်ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၅ ဒသမ ၅၆၈၈)တန်၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်း အကွက်အမှတ်(၁၄)နှင့် ပြင်တဲကြိုးဝိုင်းအကွက် အမှတ်(၇၆) အတွင်းမှ တရားမဝင်သစ်စက် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်းသစ်ခွဲသား (၉ ဒသမ ၆၉၅၀) တန်၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စန္ဒားကြိုးပြင်ခုတ်ကွက်ကြီးအတွင်း တရားမဝင် အင်/ကညင်သစ် (၈၈ ဒသမ ၅၉၆၀)တန်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်း မြို့နယ်၊ ကျီးကန်ကျေးရွာ တောင်ဘက် ပုသိမ်-မုံရွာကားလမ်းဘေး မိုင်တိုင်အမှတ်-(၂၀၇/၇)အနီး ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇ ဒသမ ၇၀၄၂)တန်၊ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူး-ထားလောင်း ကျေးရွာသွားလမ်းအနီးတွင် လက်ကိုင်စက်လွှ(၅)လက်၊ တရားမဝင် ထင်းရှူးခွဲသား (၄ ဒသမ ဝ၁၁၄) တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောသူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။  

ဟန်လင်းနိုင် 
 

7+++