တိုင်းဒေသကြီးနှစ်ခုနှင့် ကချင်ပြည်နယ်တို့အတွင်း  တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၆  မေ 

 

သစ်တောဉီးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော် ထုတ်ဖမ်းဆီးလျှက်ရှိရာ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃ ရက်မှ ၆ ရက်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့နယ် ကွေးကြီးရပ်ကွက် ဆင်နှစ်ကောင်ဘုရားအနီး နေရာ၌ PAJERO ဗိုက်ဖောင်း(ခဲရောင်) မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား(၁၇)ချောင်း ၁ ဒသမ ဝ၆၉၂ တန်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်နှင့် အောင်လံမြို့နယ် တို့အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်း အတွင်းမှ ပျဉ်းကတိုး၊ ထောက်ကြံ၊ နဘဲ၊ ဘင်္ဂခွဲသား (၁၆၂)ချောင်း ၂၁ ဒသမ ၃၇၉၆ တန်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နောက်နန်း ကျေးရွာအုပ်စု ဝါးရုံတောအတွင်းမှ ကညင်၊ ကြေးလံ၊ အခြားသစ် (၇၀)တန်ခန့်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများ နှင့် ဆက်စပ်သောသူများကို စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။ 

 

မောင်လူမော်

 

3.02