တိုက်ကြီးမြို့နယ်အတွင်း တရားမဝင်သစ် ၄၅ ဒသမ ၇၀၆၄ တန် ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိ

နေပြည်တော် ၇ ဖေဖော်ဝါရီ


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အနေဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ တိုက်ကြီးမြို့နယ်အတွင်း၌ အခြားသား သစ်လုံး (၁၂၃)လုံးနှင့် အခြားသားယောင်ခြမ်း (၉)ခြမ်း စုစုပေါင်း တရားမဝင်သစ် ၄၅ ဒသမ ၇၀၆၄ တန်ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိကြောင်း သိရသည်။


ရန်ကုန်မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းမှစတင်၍ တရားမဝင်သစ် ဖမ်းဆီးရေး ပိုက်စိပ်တိုက်ရှာဖွေရာ တိုက်ကြီးမြို့နယ် ရေအေးစမ်းဘိနယ်အတွင်း သဲဝါရွာ၏အရှေ့ဘက်၊ ချင်းကုန်းရွာ၏ တောင်ဘက်၊ စဉ့်ကူးရွာ၏ မြောက်ဘက်နေရာများ၌ အဆိုပါ တရားမဝင်သစ်များကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက သယ်ယူသိမ်းဆည်းထားကြောင်း သိရသည်။ 


မျိုးသူဟိန်း