တိရစ္ဆာန်ဆေးကုသိပ္ပံ နှင့် ဒီပလိုမာ(၁)နှစ်သင်တန်းဖွင့်လှစ်

 

 

ရန်ကုန်    မေ   

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန် ဆေးကုသိပ္ပံနှင့် ဒီပလိုမာ()နှစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံကျောင်းဝန်း၌  ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆရာဝန်များအသင်းဥက္ကဌ၊ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ တိရစ္ဆာန် ဆေးကုသိပ္ပံ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်တောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိရစ္ဆာန်ဆေးကုသိပ္ပံ ကျောင်းဝင်းအတွင်းရှိ တိရစ္ဆာန် ဆေးကုသိပ္ပံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန် ဆေးကုသိပ္ပံ အုပ်ချုပ်ရေးခန်းမဆောင်၌ တိရစ္ဆာန်ဆေးကုသိပ္ပံ၊ ဒီပလိုမာ()နှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် နိုင်ငံတော်၏ အသားကဏ္ဍပိုမို ဖွံ့ဖြိုးရေးအတွက် မွေးမြူထုတ်လုပ်မှုနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့်ပေးနိုင်ရန် ကာလတို ကာလရှည်သင်တန်းများပေးခြင်းကို နှစ်စဉ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ကုသရေးဆိုင်ရာ အတတ်ပညာကို ကျွမ်းဝင်နားလည်သည့် ပညာရှင်ဝန်ထမ်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မွေးမြူရေး ကဏ္ဍဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ယခု တိရစ္ဆာန်ဆေးကု သိပ္ပံကျောင်းကို ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

 

 မွေးမြူထုတ်လုပ်မှု တိုးတက်ရန်အတွက် မွေးမြူတိရစ္ဆာန်များ၏ ကျန်းမာရေးကို ထိထိ ရောက်ရောက် စောင့်ရှောက်မှုပေးနိုင်ရန် သင်တန်းတွင် တိရစ္ဆာန် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်ပေးနိုင်သည့် အခြေခံဆေးကုသရေး ပညာရပ်များကို သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက တိရစ္ဆာန်ဆေးကုဒီပလိုမာ(Dip.V.Sc)ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာန၏လုပ်ငန်းများကို အရည်အသွေးမြင့်မားစွာ ဆောင်ရွက်နိုင်မည့်နည်းတူ မိမိအတွက် သက်မွေး ဝမ်းကျောင်း အထောက်အကူပညာရပ်တစ်ခုကို တတ်မြောက်သွားစေမည်ဖြစ်၍ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်အတွက်သာမက သင်တန်းတက်ရောက်သူများ အတွက်ပါ အကျိုးကျေးဇူးကောင်းများရရှိမည့် သင်တန်းဖြစ်သောကြောင့် သင်တန်းကျောင်း က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထူးချွန်အောင်ကြိုးစား သင်ယူကြရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက သင်တန်းကျောင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားပြီး သင်တန်းစာသင်ဆောင်တွင် စတင်သင်ကြားပို့ချနေမှုကို ကြည့်ရှုပြီး  လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

တိရစ္ဆာန်ဆေးကုသိပ္ပံ၊ ဒီပလိုမာ()နှစ်သင်တန်းကို တိရစ္ဆာန်ကျန်းမာရေးစောင့် ရှောက်ပေးနိုင်ရန် အခြေခံတတ်မြောက်ထားရမည့် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ မွေးမြူရေးသိပ္ပံ ပညာ၊ အာဟာရဗေဒ၊ မေထုန်မဲ့သားစပ်ပညာ စသည့်ဘာသာရပ်များအပြင် သားဖွားမီးယပ် ပညာ၊ အဏုဇီဝဗေဒ၊ ကပ်ပါးဗေဒ၊ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ တိရစ္ဆာန်ဆေးပညာ၊ အခြေခံခွဲစိတ်ပညာ၊ တိရစ္တာန်ကူးစပ်ရောဂါပညာ၊ ပြည်သူ့ကျန်းမားရေးစောင့်ရှောက်မှု ပညာ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ပေါင်းစပ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက တိရစ္ဆာန်ဆေးကု ဒီပလိုမာ(Dip.V.Sc)ဘွဲ့ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းသို့ သိပ္ပံဘွဲ့ရရှိထားသည့် ဌာနတွင်းမှ သင်တန်းသား ()ဦးနှင့် သိပ္ပံဘွဲ့ရ ရှိထားသူ ပြင်ပသင်တန်းသား(၆၁)ဦး စုစုပေါင်း(၆၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)