တေးဂီတအဖွဲ့သစ် Treasure

ဝိုင်ဂျီအန်တာတိန်းမန့်က အေဂျင်စီနဲ့ လက်တွဲကာ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ့် ကေပေါ့ပ်အမျိုးသားတေးဂီတ အဖွဲ့သစ်တစ်ဖွဲ့ကို လတ်တလောမှာတော့စတင်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ အဖွဲ့ရဲ့အမည်ကိုတော့ "Treasure" လို့ပေးထားကြောင်း လတ်တလောမှာမှ အတည်ပြု လိုက်တာဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

"Treasure" မှာတော့ အဖွဲ့ဝင်ခုနစ်ဦး ပါဝင်နေတာဖြစ်ပြီး အဖွဲ့ဝင်တွေကိုတော့ "Treasure Box" လို့အမည်ရတဲ့အစီအစဉ်ကနေ ရွေးချယ်စုစည်းထားတာ ဖြစ်ပါတယ်။ လတ်တလောအချိန်အထိတော့အဆိုပါအဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

အေးပြည့်