တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ ပြုလုပ်

 

တောင်ဥက္ကလာပ  ဇူလိုင် ၁

 

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့ နံနက်ပိုင်းက လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ ပြုလုပ်‌ ဆောင်ရွက်ခဲ့သည်။

 

ဆွေးနွေးပွဲ(Talk Show)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲဝင် စာရေးဆရာမ မြမဉ္ဇူ‌ဝေမှ ယနေ့ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုး‌ စေရန်၊ စာတတ်သူတိုင်းစာဖတ်ရေး ၊စာပေအသိပညာ ဗဟုသုတကြွယ်ဝစေရန်၊ စာပေဖတ်ရှုမှုအားကောင်းပြီးမှန်ကန်‌ ကောင်းမွန်သော လမ်းများပေါ် လျှောက် လှမ်းနိုင်ရန်၊ စာ‌ပေ‌များမှ မှန်ကန်‌သောအသိတရား၊ မှန်ကန်သောဆုံးဖြတ်ချက်များ ရရှိစေရန်အတွက် အသိပညာ‌ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club တို့ ပူးပေါင်းပြီး လူငယ်များ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                          

 

 ခင်ဆွေနှင်း(ပြန်/ဆက်)