တောင်တွင်းကြီးမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၅

 

ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားနေ့အကြောင်း သိရှိစေရန် ရည်ရွယ်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြန်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ကျပန်းစကားပြိုင်ပွဲတွင် မြို့မအခြေခံပညာ အလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသားနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ အသိပညာ ဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေ ဖတ်ကြစို့၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများကို စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။

 

ရန်နောင်စိုး(ပြန်/ဆက်)