တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်

တောင်ငူ ဇန်နဝါရီ ၁၇

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကေတုမတီခန်းမ၌ ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်ငူခရိုင်အတွင်း ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်ခဲ့သည့်အတွက် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊ အတွင်းရေးမှူး၊ တောင်ငူခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်းအား ဦးစီးမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပြီး ပန်းခင်း စီမံချက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းတင် ဓါတ်ပုံများကို လှည့်လည်ကြည်ရှုသည်။

 

တောင်ငူခရိုင်ကို မြို့နယ် (၆) မြို့နယ်၊ ရပ်ကွက် (၈၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၄၆) အုပ်စု၊ ကျေးရွာ (၁၃၀၃) ရွာဖြင့် ဖွဲ့စည်းထားရှိပြီး ပန်းခင်းစီမံချက်ဖြင့် လူဦးရေ (၃၃၆၄၅) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပဲခူးခရိုင်၌ ဇန်နဝါရီ (၁၀) ရက်တွင်လည်းကောင်း၊ သာယာဝတီခရိုင်၌ ဇန်နဝါရီ (၁၃) ရက်တွင်လည်းကောင်း၊ ပြည်ခရိုင်၌ ဇန်နဝါရီ (၁၄) ရက်တွင်လည်းကောင်း ပန်းခင်းစီမံချက် လျာထားချက် ပြီးပြည့်အောင်ခဲ့ပြီးဖြစ် သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ကေတုရတနာ ခန်းမသို့ ရောက်ရှိပြီး ခန်းမ ပြန်လည်အဆင့်မြှင့်နိုင်ရေးနှင့် တောင်ငူမြို့ အဆင့်မြင့် မိုးလုံလေလုံ အားကစားခန်းမ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်