တောင်ကိုရီးယားတွင် ၃၉ ဦး ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရ

၂၆ ဇွန်

 

 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၉ ဦး ရှိပြီး ကူးစက်ခံရသူပေါင်း ၁၂၆၀၂ ဦး အထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

 

 

အစုလိုက် အပြုံလိုက် ကူးစက်မှုများကြောင့် ယခုလတွင် အကြမ်းဖျင်းအားဖြင့် ကူးစက်ခံရသူ  ၃၀ မှ ၆၀ ရှိသည်။ ထပ်မံကူးစက်ခံရသူများအနက် ၁၂ ဦးမှာ ပြည်ပပြန်များဖြစ်ပြီး စုစုပေါင်း ၁၅၀၈ ဦး အထိ မြင့်တက်လာသည်။

 

 

အစုအပြုံလိုက် ကူးစက်မှုများမှာ ဘာသာရေးစုဝေးပွဲများ၊ ဘိုးဘွားရိပ်သာများနှင့် ကျန်းမာရေး ထုတ်ပစ္စည်းများ လက်လီရောင်းချခြင်းတို့နှင့် ဆက်စပ်ပြီး တွေ့ရှိရခြင်းဖြစ်သည်။

 

 

ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးမှု မရှိကြောင်း အတည်ပြုပြီး သေဆုံးသူ ၂၈၂ ဦး အထိ ရှိသည်။

 

 

ယင်းရောဂါကြောင့် စုစုပေါင်း သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၂၄ ရာခိုင်နှုန်း ရှိသည်။

 

 

၁၉၈ ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် သီးခြားစောင့်ကြည့်နေရာမှ ဆင်းသွားပြီဖြစ်ကြောင်းနှင့် ပြန်လည် ကျန်းမာရေး ကောင်းမွန်လာသူ ၁၁၁၇၂ ဦး ရှိကြောင်း ဖော်ပြထားသည်။ စုစုပေါင်း ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၈၈ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူပေါင်း ၁ ဒသမ ၂၃ သန်း ကျော်ကို စမ်းသပ်ပြီး ဖြစ်ကြောင်း၊ ၎င်းတို့အနက် ၁၂၀ဝ၈၈၅ ဦးမှာ ပိုးမရှိကြောင်းနှင့် ၁၈၈၂၈ ဦး ကို စမ်းသပ်စစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

222