၉ အောက်တိုဘာ
တောင်ကိုရီးယားနိုင်ငံ အောလ်ဆန်မြို့ရှိ အထပ်မြင့်အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ထိခိုက်မိသူ ၈၈ ဦး ထက်မနည်း ဆေးရုံတက်ကုသမှုခံယူနေသည်ဟု သိရသည်။
ယမန်နေ့ညက စီးပွားရေးလုပ်ကိုင်ရာအဆောက်အအုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းနှင့် လူနေထိုင်ရာအထပ် ၃၃ ထပ်မှ ရာနှင့်ချီသောလူများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ပြည်သူ့အသံလွှင့်ဌာန ကေဘီအက်စ်က ဖော်ပြထားသည်။
အဆိုပါအဆောက်အအုံ မီးတောက်များလောင်ကျွမ်းနေပုံကို ဗွီဒီယိုဖိုင်တွင် ပြသထားသည်။
ထိုအဆောက်အအုံ ၁၂ ထပ်မြောက်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မီးသတ်သမားများက ယင်းအဆောက်အုံအတွင်းရှိ လူများကို ဆက်လက်ရှာဖွေမှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်။
ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီး ချင်ယောင်က ထိုမီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာကို စစ်ဆေးမှုပြုလုပ်ရန် စီစဉ်
နေသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို