တောင်ကြီးမြို့၌ တောင်သူလယ်သမားများအား မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

တောင်ကြီး   မတ်    ၁၁

 

မိုးကြို၊ မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးသော သီးနှံများအတွက် တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မတ် ၁၁ ရက် နံနက် ၉ နာရီခွဲမှစတင်၍ တောင်သူများအား မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရာတွင် တောင်ကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စုမှ လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရရှိပြီးဖြစ်သော တောင်သူ ၉၆ ဦးအတွက် မိုးကြိုစိုက်ပျိုးစရိတ် ချေးငွေ စုစုပေါင်း ၈၀၄၀၀၀၀၀ ကို ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် ကျန်ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တောင်ကြီးဘဏ်ခွဲ မန်နေဂျာထံမှ သိရသည်။

 

ဇော်နိုင်လင်း