တောင်ဇလ်ပန်း၊ ချယ်ရီပန်းနှင့် အောက်ချင်းနမ်းတဲ့ ချင်းတောင်ပေါ်က ကျေးလက်လမ်း (၂)

mdn

သတင်းဆောင်းပါး - ခရမ်းစိုးမြင့်

 

ရိဒ်ရေကန်နှင့် ရိခေါဒါရ်မြို့

 

ကျွန်တော်သည် ညက အိပ်ခဲ့သော ရိဒ် ပြည်ထောင်စုရိပ်သာမှ စောစောထွက်ခဲ့ပြီး ရိဒ်ရေကန်ဘေးရှိ စားသောက်ဆိုင်၌ အဆာ ပြေစားရင်း ရေကန်ကြီးကို အနီးကပ် ကြည့်ရှု နေမိသည်။ ကန်၏အလှ သဘာဝကို ကြည့်နေစဉ် လိုက်ထရပ်ကားနှစ်စီး လူအပြည့်နှင့် ရောက်လာကာ ကန်စပ်အထိ ဆင်းသွားကြ သည်။ တအောင့်ကြာတော့ ထိုအုပ်စုမှ လူတစ်စုက စက်လှေစီး၍ ကန်ရေပြင်ကို လှည့် ပတ်မောင်းနှင်ကြည့်နေသည်။ ကျွန်တော် လည်းရိဒ်ရေကန်၏ရေပြင်ကို စက်လှေစီးပြီး လျှောက်ကြည့်ချင်၍ စက်လှေနားသို့ ရောက် သွားသည်။ လှေပေါ်တက်ခါနီးမှ ကျွန်တော် ရေမကူးတတ်မှန်း သတိရ၍ ပြန်လှည့်ခဲ့ရသည်။

 

ထို့နောက် ကျွန်တော် ရိဒ်ရေကန်မှခွာ၍ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ် တံတားလေးပေါ် ဖြတ်ကူးကြည့်သည်။ တံတားကလေးသည် ပေ ၁၀ဝ လောက်သာ ရှိသော သံပြားခင်း ဘေလီတံတားဖြစ်သည်။ တံတားမှ ဖြတ်ကူး၍ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ရှိ တောင်ကုန်းတစ်ခုပေါ်တက်ပြီး ချင်းပြည်နယ်ကို လှမ်းမျှော်ကြည့်လိုက်သည်။

 

ချင်းတောင်တန်း၏အလှတရားများ

 

စိမ်းညိုညို အရောင်နဲ့ မြင့်မားတဲ့ တောင်တန်းကြီးတွေ၊ ကျေးငှက်သံတွေ၊ ချင်း တိုင်းရင်းသားတို့ရဲ့ အိုးစည်ဗုံမောင်းသံတွေ၊ နွရောက်ချို(ဂျို)မှုတ်သံတွေ၊ ရိုးရာအက၊ ရိုးရာအလှနှင့် တောင်တန်းကြီးတွေရဲ့အောက်ခြေမှာ ကွေ့ပတ် စီးဆင်းနေတဲ့ စမ်းချောင်းကလေးတွေ စသည်တို့ကို ကျွန်တော့်စိတ်ထဲက မြင်နေရသည်။ ဒီလို စိတ်ဝင်စားစရာအလှများက ချင်းတောင် တန်းကြီးပေါ်က သဘာဝအလှများပင် ဖြစ်ကြသည်မဟုတ်လော။

 

အဆိုပါ အလှတရများသည် ချင်း တောင်တန်းပေါ်မှာ လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းက ရှိခဲ့တာဖြစ်သည်။ နောက် မျိုးနွယ်စုတွေ၊ သူတို့ရဲ့ ဝတ်စားဆင်ယင်မှု တွေ၊ ချင်းသံဝဲဝဲနဲ့ ဖော်ရွေစွာပြောတဲ့ မြန်မာ စကားသံလေးတွေ စတာတွေကလည်း ချင်း ပြည်နယ်သို့ လာသည့်သူတိုင်းကို ချစ်စရာ ဓလေ့အဖြစ် ဆီးကြိုနေကြသည်။

 

ချင်းပြည်နယ်သည် မြေမျက်နှာသွင်ပြင် အနေအထားအရ မြောက်ဘက်တွင် ပေ ၈၀ဝ၀ ကျော် တောင်ဘက်တွင် ပေ ၁၀ဝ၀ဝ ကျော်မြင့်သော တောင်ကြောများရှိသည်။  ချင်းပြည်နယ်၏ အလယ်ဗဟိုမှ ရေဝေကုန်း တန်းများအဖြစ် မြောက်မှတောင်သို့ သွယ် တန်းလျက်ရှိပြီး ပြည်နယ်၏ အလယ်သို့ ရောက်သောအခါ အနောက်ဘက်သို့ ယိမ်း သွားသည်။ ပြည်နယ်အတွင်း အမြင့်ဆုံးတောင်မှာ ဝိတိုရိယ (ခ) ခေါနူးသုမ် (ခ) နတ်မတောင်ဖြစ်ပြီး အမြင့်ပေ ၁၀၅၀ဝ နှင့် အရှည် ဆုံးမြစ်မှာ ကုလားတန်မြစ် ဖြစ်သည်။

 

တွေနူးမြစ်သည် ဖလမ်းမြို့နယ်တွင် မြစ်ဖျားခံ၍ ဟားခါးမြို့နယ်နှင့် ထန်တလန် မြို့အကြား၌ တောင်ဘက်သို့ စီးဆင်းပြီးထန် တလန်မြို့နယ်မှ အိန္ဒိယနိုင်ငံအတွင်း ယင်းမှ တစ်ဆင့် ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်၌ ကုလားတန်မြစ်အတွင်း စီးဝင်သွားသည်။ မဏိပူရမြစ်သည် အိန္ဒိယနိုင်ငံတွင်မြစ်ဖျားခံ၍ တွန်းဇံ၊ တီးတိန်၊ ဖလမ်းမြို့နယ်များသို့ ဖြတ် သန်းပြီး ကလေးမြို့နယ် မြစ်သာမြစ် အတွင်း သို့ စီးဝင်သွားသည်။ အဆိုပါ အကြောင်း အရာတွေကလည်း ဗဟုသုတရစရာ၊ စိတ်ဝင် စားစရာများ ဖြစ်သည်။

 

ဘွမ်နဲလ်ရှုခင်း

 

ကျွန်တော်သည် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်မှ ပြန်လာခဲ့ပြီးနောက်တံတားထိပ် ၊ ၌ စောင့်နေသော ကားနှစ်စီးပေါ်တက်၍ ကမ္ဘာကျော် ရိဒ်ရေကန်သွား ကျေးလက် လမ်းအတိုင်း ကျဲရ်မွန်-ခေါရွာ-ခင်တန်-တပ် လပ်လွန်ကျေးရွာတို့ကိုဖြတ်၍ ဖလမ်းသို့ပြန်ခဲ့သည်။ ဖလမ်းမရောက်မီ မွန်လွှရွာတွင် ခေတ္တနားပြီး နံနက်စာစားကြသည်။ မွန်လွှ ရွာသူရွာသားများအား ကျွန်တော်တို့ အသွား တုန်းကမစားခဲ့သော နံနက်စာကို အပြန်တွင် စားပါ့မယ်ဟု ပေးထားသောကတိအတိုင်း ဝင်စားခြင်းဖြစ်သည်။

 

မွန်လွှရွာတွင် မွန်လွှ-ဘွမ်နဲလ်လမ်း ဆို တာ ရှိသည်။ ထိုလမ်းသည် ဖလမ်းမြို့နယ် ကျေးလက်သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က Pilot Project ဖြင့် ဖောက်လုပ်ထားသော ဆက် သီးကျိရ် -မွန်လွှ- သဲလျှန်နှာ(ဟ)-လျှန်၁(သ)-တီအိုချောင်းလမ်း (လမ်းအရှည် မိုင် ၂၁ ဒသမ ၆ မိုင်) ပေါ်ရှိ မိုင်တိုင်အမှတ် ၉ ဒသမ ၄ ၌ တည်ရှိသော မွန်လွှကျေးရွာမှဘွမ်နဲလ်ရှုခင်းသို့ သွားသော လမ်း ဖြစ်သည်။

 

မွန်လွှရွာအနီးရှိ ဘွမ်နဲလ်ရှုခင်းသည် အလွန်သာယာသော ရှုခင်းဖြစ်ပြီး ၃ ဒသမ ၆ မိုင် ပတ်လည်ခန့် ကျယ်ပြန့်ကာ တောင်ကမူ ငယ်ပေါင်း ၄၇ ခုကျော်ဖြင့် ဖွဲ့စည်းထား သည်။ ရှုခင်း၏အလယ်၌ ကွေ့ကောက် စီးဆင်းသောချောင်းငယ်ရှိပြီး အလွန်သာယာ အေးမြသော ရာသီဥတုရှိသည့် ဒေသဖြစ် သည်။ ယင်း ဘွန်နဲလ်ရှုခင်းသို့ ယခင်က ဒေသခံပြည်သူများသာမက အိန္ဒိယနိုင်ငံမှ မီဇိုးတိုင်းရင်းသားများ လာရောက်လည်ပတ် အပန်းဖြေလေ့ရှိသည်။ ယခုအခါတွင် ကမ္ဘာလှည့် ခရီးသည်များလည်း လာရောက်လည်ပတ်အပန်းဖြေခြင်းများ ရှိလာပြီဖြစ်သည်။

 

မွန်လွှ-ဘွမ်နဲလ်လမ်း

 

 မွန်လွှ-ဘွမ်နဲလ်လမ်းသည် ယခင်က  ဒေသခံကျေးရွာများမှ ပြည်သူများ ကိုယ့်အားကိုယ်ကိုးဖောက်လုပ်ခဲ့သော လူသွားလမ်း သာဖြစ်ပြီး ခြေကျင်ခရီးဖြင့်သာ သွားလာရသည်။ တစ်နေ့တခြား များပြားလာသည့် ရှုခင်းကြည့်ရှုအပန်းဖြေသူများ အဆင်ပြေ  ချောမွေ့စွာ သွားလာနိုင်ရေးအတွက် ၄-၃၂၀၁၉ ရက်က ချင်းပြည်နယ်ဝန်ကြီးချုပ်၏ ဖလမ်းမြို့နယ် ဆအက်သီးကျိရ် -မွန်လွှ ကော့သဲ-လျှန်နှာ (ဟ)-လျှန်နှာ(သ-တီအို ချောင်းလမ်းကို ကွင်းဆင်းစစ်ဆေးသည့် ခရီးစဉ်တွင် မွန်လွှကျေးရွာသို့ ရောက်ရှိပြီး မွန်လွှ-ဘွမ်နဲလ် လမ်းကို ကားလမ်းဖောက် လုပ်ရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် အရ မွန်လွှ-ဘွမ်နဲလ်လမ်းဖောက်ရန် ဖလမ်း မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနက ကွင်းဆင်းတိုင်းတာခဲ့ပြီး ရန်ပုံငွေရရှိရေး  တင်ပြတောင်းခံခဲ့ရာ ပြည်နယ်ရန်ပုံငွေ ကျပ် ၂၆၃ သန်း ရရှိသဖြင့် မွန်လွှ-ဘွမ်နဲလ်လမ်းလေးမိုင်ကို ၁၈ ပေ အကျယ် လမ်းသစ်  ဖောက်လုပ်ခြင်းနှင့် လူသွားလမ်း တစ်မိုင် အတွင်း လိုအပ်သောနေရာများတွင် ကွန် ကရစ်လှေကားထစ်နှင့် စတီးလက်ရန်း ပြုလုပ်ခြင်း၊ မြေကာနံရံနှင့် ကွန်ကရစ် ရေ ထုတ်ပြွန်များ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ ဆောင်ရွက်ခဲ့ရာ ယခု အချိန်တွင် လမ်းဖောက်လုပ်ခြင်း ၁/၄ မိုင်ခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအမြန် ပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ဖလမ်းခရိုင် ကျေးလက် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ရွှေကီးက ပြောသည်။

 

ဖလမ်းသို့အပြန်

 

မွန်လွှမှပြန်တော့ ညနေစောင်းနေပြီ ဖြစ် သဖြင့်ကျွန်တော်တို့လမ်းကြေည့် ဓာတ်ပုံရိုက် ခြင်းများ မလုပ်ဘဲ ဖလမ်းသို့ တောက်လျှောက် ပြန်ခဲ့ကြသည်။ ဖလမ်းဆောင်း အကြို ညအေးအေးလေးက ကျွန်တော်တို့ ဆေး ဆီးကြိုနေသည်။ အနွေးထည်ကောင်း၊ ကောင်းမပါသော ရန်ကုန်သား ကျွန်တော်နှင့် ဒေါ်စန်းမြင့်၊ ထားဝယ်သား ဗိုလ်ကြီးအောင် ဒင်တို့အား ကျေးလက်လမ်းဦးစီးမှ အင်ဂျင် နီယာဒေါ်ရွှေထီးနှင့် ဦးလာလ်ဟုတ်ထန်တို့ ကအနွေးထည်တစ်ယောက်တစ်ထည် လက်ဆောင်ဝယ်ပေးသည်။ အားနေရပါသည်။ ထိုညက ဖလမ်းတွင်တတိယညအဖြစ် အိပ်ခဲ့သည်။

 

နံနက်တွင် ကျေးလက်လမ်းဦးစီးဌာနက ဆောင်ရွက်နေသော လမ်းမှ အိန္ဒိယနယ် စပ် ရိဒ်ခေါဒါရ် ကျေးလက်လမ်း၊ မွန်လွှ-တွမ် ဖိုလ် ရှုခင်းသာလမ်းကြောင်းနှင့် ဖလမ်း ခရိုင်မှ ပြုစုထားသောလုပ်ငန်းဆောင်ရွက်မှု တင်ပြချက်များ စာအုပ်များကို သတင်းနှင့် သတင်းဆောင်ပါးများရေးရန်ယူ၍ ဟားခါး သို့ ထွက်ခဲ့ကြသည်။ ဖလမ်း-ဟားခါးလမ်း သည် ကလေး-ဖလမ်းလမ်းကဲ့သို့ မဆိုသာ နှစ်လမ်းသွားကတ္တရာလမ်းဖြစ်သည်။ အကွေ့ နေရာများ၌ ကားသုံးစီးမျှ ရှောင်ရအောင် တောင်များ၍ ချဲ့ထားသည်။

 

ကားလမ်းကြီးများ ကျန်းမာပါစေ

 

ချင်းပြည်နယ်သည် မြန်မာပြည် အစွန် အဖျားဒေသ ပြည်နယ်တစ်ခု ဖြစ်သည့်အပြင် ၂၀၁၅ ခုနှစ်က သဘာဝဘေးဒဏ် ခံခဲ့ရပြီးတောင်ပြိုမြို့ ဖြစ်ခဲ့သဖြင့် တောင်ပေါ်ကား လမ်းများ အများအပြား ပျက်စီးခဲ့ရသည်။ တောင်ပြိုမှုကြောင့် ကားလမ်းများ ပျက်စီးခဲ့ပြီး ကားလမ်းပေါ် ကျနေသည့် မြေများကြောင့် ကားလမ်းဆက်သွယ်မှု မပြတ် တောက်ရအောင် လမ်းပိတ်များ ဖယ်ရှား ခြင်း၊ လမ်းချဲ့ခြင်းတို့ကိုသာ ဦးစားပေး ပြုလုပ်ခဲ့ရ၍ ကတ္တရာလမ်းအသစ်ခင်ခြင်း ကိုဘဏ္ဍာငွေအခြေအနေအရမဆောင်ရွက် နိုင်ခဲ့သောကြောင့် မြေသားလမ်းဖြစ်သွား သော ဆိုင်များက သွားပြီး ချိုင့်ခွက် သောလမ်းများ ဖြစ်သွားရသည်ဟုဆိုသည်။

 

ရေလမ်းမရှိ၊ လေကြောင်လမ်းကလည်း မပြီးသေသော ချင်းပြည်နယ်သည် လက်ရှိ ချိန်တွင် ကားလမ်းကိုသာ အားကိုးနေ သောပြည်နယ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ကလေး-လမ်း လမ်းကဲ့သို့ အဓိက ကား လမ်းကြီးများ ကျန်းကျန်းမာမာရှိပါစေဟု ကျွန်တော် ဆုတောင်းနေမိပါသည်။