တောင်အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၂၁၆ ဦး အထိ စံချိန်တင်မြင့်တက်

၁၇ ဇူလိုင်

 

 

တောင်အာဖရိက နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၂၁၆ ဦး အထိ စံချိန်တင် မြင့်တက်လာပြီး သေဆုံးသူပေါင်း ၄၆၆၉ ဦး အထိ ရှိလာသည်ဟု တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၃၁၇၂ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၂၄၂၂၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဒွီလီမိုက်က ပြောကြားခဲ့သည်။

 

 

ဂူတန်ပြည်နယ်သည် တောင်အာဖရိကတွင် အသေးငယ်ဆုံးနှင့် လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး ကူးစက်မှုအများဆုံးပြည်နယ် ကိုးခုတွင် ပါဝင်သည်။

 

 

ပြီးခဲ့သည့်နေ့က ထိုပြည်နယ်တွင် ထပ်မံကူးစက်ခံရသူ ၅၁၈၁ ဦး ရှိပြီး ကူးစက်ခံရမှုပေါင်း ၁၁၇၈၉၅ ဦး အထိမြင့်တက်လာသည်။

 

 

နိုင်ငံတစ်ဝှမ်းတွင် ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၆၅၅၉၁ ဦး အထိရှိပြီး ပြန်လည်ကျန်းမာလာမှုနှုန်း ၅၁ ရာခိုင်နှုန်းရှိသည်။

 

 

ဇူလိုင် ၁၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှု ၄၆၇၉၆ ဦး ပြုလုပ်ခဲ့ပြီး ယခုအချိန်ထိ စမ်းသပ်စစ်ဆေးမှုပေါင်း ၂၃၂၄၉၂၃ ဦး ပြုလုပ်ပြီး ဖြစ်သည်။

 

 

တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်တွင် ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်သည်။

 

 

ပြီးခဲ့သည့် ၄၈ နာရီအတွင်း နိုင်ငံအတွင်း ရောဂါကူးစက်ခံရမှုသည် ဗြိတိန်နှင့် စပိန်နိုင်ငံတို့ကို ကျော်တက်ကာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှု အဆင့် ၈ တွင် ရှိသည်။

 

 

သို့ရာတွင် တောင်အာဖရိကသည် ကမ္ဘာပေါ်တွင် သေဆုံးမှု အနည်းဆုံးနိုင်ငံ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို