တစ်ပတ်အတွင်း တရားမဝင် သစ်တန်ချိန် ရှစ်ရာကျော်ဖမ်းဆီးရမိ

နေပြည်တော် ၂၉ မေ

တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများအား သစ်တောဦးစီးဌာနမှ ရှာဖွေဖော်ထုတ်ဖမ်းဆီး အရေးယူလျက်ရှိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေ ၂၀ ရက်မှ ၂၆ ရက်ထိ တစ်ပတ်တာကာလအတွင်း သစ်တန်ချိန် ၈၆၇ ဒသမ ၈၆၈၁ တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

222

 

တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းအား ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တရားမဝင်ကျွန်း ၁၄၆ ဒသမ ၁၁၂၅ တန်၊ သစ်မာ ၈၀ ဒသမ ဝ၇၄၅ တန်နှင့် သစ်မျိုးစုံ ၆၄၁ ဒသမ ၆၈၁၀ တန်နှင့် တရားမဝင် သစ်ခိုးထုတ် တရားခံ (၁၀၁) ဦး၊ ယာဉ်နှင့် ယန္တရား (၅၉) စီးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများအနက် ဧရာသတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း တရားမဝင်သစ်များ အများဆုံးဖမ်းဆီးရမိခဲ့ပြီး တစ်ပတ်အတွင်း တရားမဝင် သစ်တန် ၅၀ ဒသမ ၂၉၀၂ တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဟန်လင်းနိုင်