တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိ

တာချီလိတ် ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရပ်ကွက်နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိပြီး လက်ရှိတွင် မိုးများဆက်လက်ရွာသွန်းနေကာ ရေကြီးရေလျှံမှုများ ဆက်လက်မြင့်တက် လျက်ရှိသည်။

 ယမန်နေ့ညမှ စတင်ရွာသွန်းသော မိုးသည် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ထိ ရွာသွန်းလျက်ရှိပြီး ယနေ့ နံနက် ၇ နာရီမှစတင်၍ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ ရေလျှံမှု ဆက်လက်မြင့်တက်လျက်ရှိ ကြောင်း၊ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် (လားဟူစျေးနှင့် တော်ကော့ တွင်း) စသည့် ရပ်ကွက်များ၌ လမ်းပေါ်နှင့် နေအိမ်များအတွင်း ရေများ စတင်ဝင်ရောက် လျက်ရှိကြောင်း၊မယ်ယန်းကျေးရွာအုပ်စုနှင့်မိုင်းကိုးကျေးရွာအုပ်စုတို့တွင်လည်းရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကြောင်း သိရှိရသည်။

အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ လူမှုကူညီရေးအသင်းများ ဖြစ်ကြသော မေတ္တရှင်၊ အလင်းရောင်၊ ရွှေမယ်ယန်း၊ အရန်မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များကို နယ်မြေအလိုက် တာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယာဆေး( ပြန်/ဆက်)