ထရန့်အား စွပ်စွဲပြစ်တင်မှု အထက်လွှတ်တော်သို့ တင်သွင်းရန် ပီလိုစီကြိုးပမ်း

၁၅ ဇန်နဝါရီ

 

အောက်လွှတ်တော်က အမေရိကန်သမ္မတ‌ ဒေါ်နယ်ထရန့်အား စွပ်စွဲပြစ်တင်သည့် အချက်များကို အထက်လွှတ်တော်သို့ပေးပို့ရန် ယနေ့တွင် မဲပေးမှုများပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်ဒီမိုကရက်တစ်ပါတီက ပြောကြားခဲ့သည်။

 

အောက်လွှတ်တော်ဉက္ကဌ နန်စီပီလိုစီက မဲပေးရမည့်အချိန်ဇယားကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဒီမိုကရက်တစ်ပါတီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် အောက်လွှတ်တော်၏ စွပ်စွဲပြစ်တင်သည့် အချက်များကို အထက်လွှတ်တော်က အတည်ပြုလိမ့်မည်ဟု မျှော်လင့်ရသည်။

 

5

 

အာဏာအလွဲသုံးစားပြုလုပ်ခြင်းနှင့် လွှတ်တော်အား နှောင့်ယှက်မှုစသည့် စွပ်စွဲချက်များဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်  အောက်လွှတ်တော်မှ ထရန့်အား စွပ်စွဲပြစ်တင်ခဲ့ခြင်း ဖြစ်သည်။

 

သက်သေခံချက်အသစ်ကို စွဲချက်တင်ခြင်းကို   ခွင့်ပြုရန် အထက်လွှတ်တော်က နှောင့်နှေးခဲ့ကြောင်း ပီလိုစီက ပြောကြားခဲ့သည်။ 

 

ရီပတ်ပလစ်ကန်က ထိန်းချုပ်ထားသည့် နေရာတွင် မျှတသည့် တရားခွင် မဟုတ်မည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

mdn

 

သို့သော်လည်း သူမ၏ ကြိုးစားအားထုတ်မှုများမှာ မအောင်မြင်ဖြစ်ခဲ့ပြီး အကြောင်းအရင်းမှာ ရီပတ်ပလစ်ကန်အမတ်များအနေဖြင့် မြန်မြန်ဆန်ဆန် ရုံးတင်စစ်ဆေးရန်ဆိုသည့် အတွေးကို ဆုပ်ကိုင်ထားသည့်အတွက်  ဒီမိုကရက်တစ်အချို့က သူမကို မကြာမီစွဲချက်တင်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

 

လာမည့်အင်္ဂါနေ့ အစောပိုင်းတွင် အမှုကိုစတင်ကြားနာနိုင်ကြောင်း အထက်လွှတ်တော်မှ လူမျိုးစုခေါင်းဆောင်ဖြစ်သည့် မက်ဆီ ကောလင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ 

 

ရီပတ်ပလစ်ကန်ပါတီဝင်အများဆုံး  အထက်လွှတ်တော်တွင် ပါဝင်နေခြင်းကြောင့် သမ္မတအား ရာထူးမှဖယ်ရှားရန် မဖြစ်နိုင်ဟု အများစုက ယုံကြည်လျက်ရှိနေကြသည်။

 

သို့သော်လည်း ဒီမိုကရက်တစ်များက အဆိုပါ အမှုသည် ယခုနှစ်တွင် ကျင်းပမည့် သမ္မတရွေးကောက်အပေါ် သက်ရောက်မှုရှိမည်ဟု မျှော်လင့်ကြသည်။

 

ကိုးကား-အန်အိတ်ခ်ျကေ

ဘာသာပြန်-မေဇော်ထက်