ထန်တလန်မြို့နယ်၌ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ထန်တလန် ၂ ဇူလိုင်


ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့တွင် ထန်တလန်မြို့နယ်၏ လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက ထန်တလန်မြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးခင်အောင်လိန်းက သင်တန်းဆိုင်ရာ သတင်းအချက်အလက်များ မိတ်ဆက်တင်ပြခြင်း၊ ပုံစံများနှင့် စာရင်းဇယားပြုစုခြင်းတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အခြေခံမဲစာရင်းပြုစုခြင်းကို လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့များ စုဖွဲ့ဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊  မြို့နယ် လဝက ဦးစီးအရာရှိ ဦးမောင်မောင်ကျော်က အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များအကြောင်းကို လည်းကောင်း ရှင်းလင်းပို့ချပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။


အဆိုပါ သင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မဲစာရင်းကောက်ယူကြမည့် ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၉၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)