ဇူလိုင် ၁၈ ဘန်ကောက်
ယနေ့ နံနက် ၉ နာရီခန့်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ အရပ်ဘက် ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့တာကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ဟာ အဖြူရောင် AS355 အပေါ့စား ရဟတ်ယာဉ် ဖြစ်ပါတယ်။ ဘန်ကောက်မြို့တော် အရှေ့မြောက်ဘက် ၄၅၀ ကီလိုမီတာအကွာက ခွန်ခန် ပြည်နယ်အတွင်းရှိ ချွန်နာဘော့ ခရိုင်နယ်နိမိတ်အတွင်းက လယ်ကွင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ပြီးနောက် ချက်ခြင်းဆိုသလို မီးလောင်ကျွမ်းသွားခဲ့တာကြောင့် လိုက်ပါလာသူသုံးဦး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေက မည်သူမည်ဝါဖြစ်တယ်ဆိုတာ မခွဲခြားနိုင်သေးကြောင်း၊ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ခွန်ခန်လေဆိပ်တာဝန်ရှိသူက ပြောကြားထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့ မြင်ကွင်းမရှင်းလင်းတာတွေကြောင့် ရဟတ်ယာဉ် ပျက်ကျခဲ့ရတယ်လို့ ယူဆထားကြောင်းသိရပါတယ်။
ဘာသာပြန် > မိုးမမ
ကိုးကား > ဆင်ဟွာ