ထိုင်းနိုင်ငံမှာ ကျန်းမာရေးအစီအမံများဖြင့် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်မည်

၁ ဇူလိုင်

 

ထိုင်းနိုင်ငံမှာ အစိုးရကျောင်းတွေဟာ ဒီနေ့ (ဇူလိုင် ၁ ရက်) ပြန်ဖွင့်တဲ့အတွက် နှာခေါင်းစည်း ဝတ်ဆင်ထားတဲ့ ကျောင်းသူကျောင်းသားတွေ စာသင်ခန်းမတွေဆီကို ပြန်ရောက်လာခဲ့ကြပြီ။

 

ဆယ်ကျော်သက်ရွယ် ကျောင်းသူကျောင်သားတွေက စာသင်ခန်းအတွင်းကို မဝင်ခင်မှာ လချီပြီး မတွေ့ရတဲ့ သူငယ်ချင်းတွေ စကားတွေပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။

 

2

 

ဘန်ကောက်မြို့ရှိ အထက်တန်းကျောင်း တစ်ကျောင်းရဲ့ ကျောင်းအုပ်ဆရာက ကျောင်းသူကျောင်းသားတွေကို ကျန်းမာရေးစည်းမျဉ်စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ကြောင်း၊ နှာခေါင်းစည်း ဝတ်ဆင်ထားသလို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးကလည်း အရေးကြီးကြောင်း၊ ကိုယ့်ဆီမှာ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းဆီမှာ ဗိုင်းရပ်စ်ပိုးရှိနေမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ အဲဒါကြောင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို လိုက်နာရမယ်လို့ ပြောကြားပါတယ်။

 

ဒီနေ့ ပြန်လည်ဖွင့်လှစ်တဲ့ ကျောင်းတွေအား စာသင်ခန်းတစ်ခန်းမှာ ကျောင်းသူကျောင်းသား ၂၀-၂၅ ယောက်သာ ထားရှိရေးနဲ့ တံခါးလက်ကိုင်တွေ၊ ခုံတွေနဲ့ ဗိုင်းရပ်စ်ပိုးပျံ့နှံ့နိုင်တဲ့ နေရာတွေကို မကြာခဏ ပိုးသတ်ဆေးနဲ့ ဆေးကြောရန် အကြံပြုထားပါတယ်။

 

အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူက အွန်လိုင်းကနေ စာသင်ရတာနဲ့ စာသင်ခန်းမမှာ စာသင်ရတာ မတူကြောင်းနဲ့ သူငယ်ချင်းတွေနဲ့ မတွေ့ရတာလည်း ကြာပြီဖြစ်ကြောင်း ပြောပါတယ်။

 

5

 

ထိုင်းနိုင်ငံမှာ ညပိုင်း လူစည်ကားတဲ့ nightlife နေရာမျိုးတွေဟာလည်း ဒီနေ့ ဇူလိုင် ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ၅၈ ဦးရှိပြီး ၃၁၆၉ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရပါတယ်။ ကပ်ရောဂါပိုးကို ဇန်နဝါရီ လလယ်ပိုင်းက ထိုင်းနိုင်ငံမှာ စပြီးတွေ့ရှိခဲ့တဲ့အတွက် တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ ပထမဦးဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။

 

MDN

ကိုးကား- AFP