ထီးချိုင့်မြို့နယ်တွင် စားသုံးရန်မသင့်သော စားသောက်ကုန်နှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး

ထီးချိုင့်  ၁၆ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ စားသုံးသူရေးရာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ထီးချိုင့်မြို့နယ်ရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စားသုံးရန် မသင့်သော စားသောက်ကုန်များကို ယနေ့နံနက် ၉ နာရီက ထီးချိုင့်မြို့ အမှတ်( ၁) ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် သွားရောက်စစ်ဆေးခဲ့သည်။

 

323

 

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ရီရီမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု -ဦးစီးမှူး ထူးဇော်အောင်၊ ကျန်းမာရေးဌာနမှ ဦးထွန်းကြိုင်၊ သက်ဆိုင်ရာဌာနများနှင့် အမှတ်(၁) ရပ်ကွက်ရှိ ရပ်မိရပ်ဖများက ထီးချိုင့်မြို့ပေါ်ရှိ အများပြည်သူများ စားသုံးရန် မသင့်လျော်သည့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးခြင်း၊ အစားအသောက် ထုတ်လုပ်ခြင်းကို ထောက်ခံချက်မရှိဘဲ  ရောင်းချနေသော ကုန်စုံဆိုင်များအား ရှောင်တခင် စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း(ပြန်/ဆက်)

 

0509