ထီးချိုင့်မြို့နယ်အတွင်း တွန်းသင်္ဘောပေါ်မှ သစ်ခွဲသား(၁၆)တန်ကျော် သိမ်းဆည်းရမိ

ထီးချိုင့်  ၃၁  မေ 


စစ်ကိုင်းတိုင်းဒေးသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ၊ဂရိတ်ဝေါဝေမာစက်ရုံဆိပ်ကမ်း အနီးရှိ တွန်းသင်္ဘောပေါ်မှ တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်မှာ မေလ ၃၀ ရက် နံနက် ၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ကသာခရိုင် သစ်တောမှ ခရိုင်ဦးစီးအရာရှိ ဦးသန်းညွန့် ဦးစီးသောအဖွဲ့၊ ထီးချိုင့်မြို့နယ်၊ မောင်ကုန်းနယ်မြေရဲကင်းစခန်းမှ ဒုရဲအုပ်ရန်အောင်ဖြိုးနှင့်အဖွဲ့၊ မူးယစ်သယံဇာတ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ၊ ဂရိတ်ဝေါဝေမာစက်ရုံ ဆိပ်ကမ်းအနီး၌ ရပ်ထားသော တွန်းသင်္ဘောနှင့် ဘေးတွဲသံ(၁၃၇၈)အား ရှာဖွေစစ်ဆေးရာ ရေယာဉ်တာဝန်ခံဦးဖြိုးဝေနှင့်အတူ တရားမဝင် ကျွန်းခွဲသား(၁ ဒသမ ၅)တန်၊ သစ်မာနှင့် အခြားခွဲသား(၁၅)တန်ခန့် ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင် သစ်ခွဲသားများ သယ်ဆောင်လာသူ ဦးဖြိုးဝေ အား ထီးချိုင့်မြို့မရဲစခန်းမှ သစ်တောဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)