ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်(ပထမနှစ်ဝက်)နှင့် PPTT(၁၀/၂၃) ကျောင်းသား ကျောင်းသူများအား ကြိုဆိုပွဲကျင်းပ

ထားဝယ် ဒီဇင်ဘာ ၅

 

ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပထမနှစ်(ပထမနှစ်ဝက်)နှင့် PPTT(၁၀/၂၃) ကျောင်းသား ကျောင်းသူများအား ကြိုဆိုပွဲကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “ ပညာပြည့်၀နှလုံးလှသူများအဖြစ် လောကကောင်းကျိုး သယ်ပိုးဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြရန်၊ ပညာရေးဖြင့် ဆရာ့အတတ်ပညာတို့ကို အမြဲတမ်းဖတ်ရှုလေ့လာခြင်း၊ ဆွေးနွေးခြင်းတို့ဖြင့် မိမိ၏ပညာရည်မြင့်မားတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ရန် ကျန်းမာပျော်ရွှင်စွာဖြင့် ပညာကို ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း” အမှာစကား ပြောကြားသည်။ ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူများက ထားဝယ်ရိုးရာယန်းအက၊ မင်္ဂလာပါ၊ ဘက်စုံဦးတည် DEDC အကများနှင့် သီချင်းသီဆိုဖျော်ဖြေမှုတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ထားဝယ်ပညာရေး ဒီဂရီကောလိပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က တက်ရောက်လာသော ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)