ထားဝယ် မတ် ၂၃

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် (Mobile Library Bus)ဖြင့် သုတ/ရသ စာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို အခမဲ့လာရောက် ဖတ်ရှုနိုင်ကြောင်း သိရသည်။

 

ရွေ့လျားစာကြည့်တိုက်တွင် ဝတ္ထု ၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ ၄၀၀ ပါရှိပြီး ငှားရမ်းပေးခဲ့သည့်စာအုပ်များကို သုံးရက်လျှင်တစ်ကြိမ် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)